New Year Message from CEO to Clients and Stakeholder 2026 (MM)

ချစ်ခင်လေးစားအပ်ပါသော မိမိတို့MIFIDA၏ အသင်းသားများ နှင့် မိမိတို့MIFIDA၏ မိတ်ဖက်အဖွဲ့အစည်းများခင်ဗျာ—

2026ခုနှစ် နှစ်သစ်ကို ကြိုဆိုလိုက်သည်နှင့်အမျှ မိမိတို့MIFIDAအပေါ်ထားရှိသော ခိုင်မာသည့်ယုံကြည်မှု၊ မြဲမြံသည့်မိတ်ဖက်အဖြစ်ဆက်လက် လက်တွဲမှု နှင့် ပံ့ပိုးဆောင်ရွက်မှုများအတွက် မိမိတို့MIFIDA ဘက်မှ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်း နှင့် စစ်မှန်သော ကျေးဇူးတင်ရှိမှု ရှိပါကြောင်း ပြောကြားလိုပါသည်။ မိမိတို့MIFIDA၏ ရရှိပိုင်ဆိုင်ထားသော တိုးတက်ဖြစ်ထွန်း အောင်မြင်မှုများသည် မိမိတို့၏အသင်းသားများနှင့် မိမိတို့၏ မိတ်ဖက်အဖွဲ့အစည်းများထံမှ ပံ့ပိုးကူညီမှုများကြောင့်သာ ဖော်ဆောင်ထားနိုင်ခြင်း ဖြစ်ပါသည်။

ကြုံတွေ့ဖြတ်ကျော်ခဲ့ပြီးသော စိန်ခေါ်မှုများအား မိမိတို့အားလုံး၏ ကတိကဝတ်လိုက်နာဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ကျွန်ုပ်တို့အားလုံးကို ယုံကြည်မှုအပြည့်ဖြင့် ရှေ့ဆက် လျှောက်လှမ်း နိုင်စေခဲ့ပါသည်။
ထိုသို့တွေ့ကြုံခဲ့ရသည့် စိန်ခေါ်မှုများမှတဆင့်- မိမိတို့MIFIDA အဖွဲ့အစည်းအပေါ် မိမိတို့အသင်းသားများ၏ မယိမ်းယိုင်သောယုံကြည်မှုကြောင့် အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့ပါသည်။ မိမိတို့ MIFIDA အနေဖြင့်လည်း မိမိတို့၏အသင်းသားများကို ထိထိရောက်ရောက် နှင့် အကျိုးရှိသော ဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ခဲ့သည်။ မိမိတို့၏လုပ်ဖော်ကိုင်ဖက်များအနေဖြင့်လည်း မိမိတို့MIFIDAနှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကြောင့် မိမိတို့၏ မိတ်ဖက်ဆောင်ရွက်မှုသည် အားကောင်းသောဆက်ဆံရေးအဖြစ် ခိုင်ခိုင်မာမာတည်ရှိခဲ့ပါသည်။

လက်ရှိဖြတ်သန်းနေသော ၂၀၂၆ ခုနှစ်တွင်လည်း၊ ကျွန်ုပ်တို့အနေဖြင့် မိမိတို့၏ မိတ်ဖက်ဆောင်ရွက်မှု ဆက်ဆံရေးကို မြှင့်တင်ရန်၊ မိမိတို့၏ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ရန် နှင့် မိမိတို့၏ လေးစားတန်ဖိုးထားရပါသော အသင်းသားများ နှင့် လေးစားတန်ဖိုးထားရပါသော လုပ်ဖော် ကိုင်ဖက်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့်တန်ဖိုးကို ဖန်တီးပေးနိုင်ရန် မိမိတို့MIFIDA အနေဖြင့် ဆက်လက် ကြိုးပမ်းနေပါသည်။ မိမိတို့အားလုံးအတူတကွ အခွင့်အလမ်းသစ်များကို ရှာဖွေကာ အတူတကွ အောင်မြင်မှုများ ရရှိရန် မျှော်လင့်ထားပါသည်။

ယခင်က ရရှိထားပြီးသော အောင်မြင်မှုများ နှင့် လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများအပေါ်မူတည်၍ မိမိတို့အနေဖြင့် မိမိတို့၏ မဟာဗျူဟာပန်းတိုင်များအား ပြန်လည်ချိန်ညှိလျက်ရှိပါသည်။
ထို့အတွက် MIFIDA သည် တည်ငြိမ်သော တိုးတက်မှု နှင့် စံတန်ဖိုး အတွက် အစပျိုးဆောင်ရွက်မှုများဖြင့် ရှေ့ဆက်ဆောင်ရွက်နေပါသည်။ ဖွံ့ဖြိုးတိုးတက်နေသောစျေးကွက်အရ ပြောင်းလဲနေသော လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရုံတွင်သာမက – မိမိတို့ မျှော်မှန်းထားသည့် အောင်မြင်မှုများကို ဖော်ဆောင်ရာတွင် တွန်းအားပေးနိုင်စေရန်အလို့ငှာ တက်ကြွအားကောင်းသော ပံ့ပိုးကူညီ ဆောင်ရွက်မှုကိုလည်း ဖြည့်ဆည်းပေးနေမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့MIFIDA၏ မျှော်မှန်းချက်အား အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အဓိကအချက်ဖြစ်သော – “မြန်မာနိုင်ငံတစ်ဝှမ်း ငွေကြေးဆိုင်ရာတိုးချဲ့ပါဝင်မှု ဖြန့်ကျက်ခြင်း” အတွက် လွယ်ကူချောမွေ့စေနိုင်မည့် မိမိတို့အားလုံး၏ စုပေါင်းအားထုတ်မှုသည် ကျနုပ်တို့အားလုံးကို ပိုမိုနီးကပ်စေနိုင်မည်ဖြစ်ပါသည်။
ကျနုပ်တို့အားလုံးအကြားတွင်ရှိသော လေးနက်သည့်ထိတွေ့ဆက်ဆံမှုသည် ကျွန်ုပ်တို့အားလုံး ၏ကြိုးပမ်းမှုများ အတွက် အရေးပါသော ဗဟိုချက်အဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်ပါသည်။

MIFIDA ၏ CEO အနေဖြင့် – မိမိတို့MIFIDA နှင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍအပေါ် များစွာအကျိုးသက်ရောက်စေသော အဓိကကျသည့်ကိစ္စရပ်များတွင် အပြုသဘောဆောင်သော ကိစ္စရပ်များကို ကျွန်ုပ်တို့MIFIDA နှင့် အတူတကွ ဆက်လက်လုပ်ဆောင်ပေးနေကြမည်ဖြစ်ကြသည့် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ပါသည်။
ယခုကျရောက်နေသော ၂၀၂၆ ခုနှစ်သည် မိမိတို့အသင်းသားတစ်ဦးချင်းစီ/မိတ်ဖက်အဖွဲ့အစည်းတစ်ခုချင်းစီ အနေဖြင့် အကောင်းသောသော ပံ့ပိုးကူညီမှုတွေ ပေးစွမ်းနိုင်မည့် နှစ်တစ်နှစ် ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
ယခုလက်ရှိ ၂၀၂၆ ခုနှစ်သည် ချစ်ခြင်းမေတ္တာ ၊ ငြိမ်သက်အေးချမ်းခြင်း ၊ ပျော်ရွှင်ခြင်း စသည်တို့ကို လက်ဆောင်ကောင်းများအဖြစ် ပိုင်ဆိုင်ရရှိနိုင်မည့် နှစ်သစ်တစ်ခု ဖြစ်ကြပါစေကြောင်း ထပ်လောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ရိုးရှင်းမှန်ကန်သော စိတ်ရင်းမှန်ဖြင့်
Michel Iiams
Chief Executive Officer
Microfinance Delta International Company Limited (MIFIDA)



ပြန်စာထားခဲ့ပါ။