အောင်မြင်မှုမှတ်တမ်းများ

  • Story of Daw Su Su Mar, Laundry Business in North Dagon - Myanmar

    ဒေါ်စုစုမာသည် စုရပ်အမှတ် ၁၁ ရှိ အဖွဲ့အမှတ် ၀၄ မှ MIFIDA ၏ အဖွဲ့ဝင်၁ယောက် ဖြစ်ပါသည်။ သူမသည် အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ယခုတွင် အမှတ်(၃၈၇) ၊ အောင်ချမ်းသာ ၃ လမ်း ၊ ၅၁ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်တွင် သူမ၏ ခင်ပွန်း၊ သားသမီးများနှင့်အတူ နေထိုင်လျက်ရှိပါသည်။ MIFIDA ၏ ပြန်လည်ပေးဆပ်မှုစနစ်များ ၊ ချေးငွေထုတ်ပေးမှုများ၊ ဝန်ဆောင်မှုများ နှင့် ဝန်ထမ်းများ၏ ယဉ်ကျေးပျူငှာဖော်ရွေမှုတို့ကြောင့် လက်တွဲလာခဲ့သည်မှာ ယခုအချိန်တွင် ၃နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။

  • ကုမ္ပဏီနှင့်လက်မတွဲမီ

    ဒေါ်စုစုမာသည် MIFIDA မှ ချေးငွေမယူခင်ကာလတွင် ထမင်းဆိုင်ဖွင့်သည့် လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပြီး သူမ၏ ခင်ပွန်းသည် သံပန်းသံတံခါးလုပ်ငန်းတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ သူမသည် MIFIDA နှင့်ပတ်သက်၍ အခြားရပ်ကွက်ရှိ သူမ၏ သူငယ်ချင်းထံမှတဆင့် ကြားသိခဲ့ရပြီး MIFIDA ၏ အတိုးနှုန်း၊ ပြန်လည်ပေးဆပ်ရသည့်စနစ်တို့သည် သူမအတွက် သက်တောင့်သက်သာရှိစေပြီး အဆင်ပြေသောကြောင့် ကုမ္ပဏီနှင့် လက်တွဲရန် ဆုံးဖြတ်ခဲ့ပါသည်။

viber_image_2021-09-01_10-42-32-992
  • ကုမ္ပဏီနှင့်လက်တွဲပြီး

    MIFIDA မှ ချေးငွေရယူပြီးနောက်တွင် ထိုချေးငွေများအား သူမ၏ ခင်ပွန်းသည်အတွက် ကိုယ်ပိုင်သံပန်းသံတံခါးလုပ်ငန်းလုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံပေးပြီး သူမကိုယ်တိုင်လည်း ထမင်းဆိုင်လုပ်ငန်းအစား ပင်မင်းလုပ်ငန်းစတင်နိုင်ရန် အဝတ်လျှော်စက်များ ဝယ်ယူ၍ လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။ ယခင်က ထမင်းဆိုင်ဖွင့်ရာတွင် အလွန်ပင်ပန်းခဲ့သော်လည်း လက်ရှိပင်မင်းလုပ်ငန်း ပြောင်းလဲလုပ်ကိုင်ရာတွင် ယခင်ထမင်းဆိုင်လုပ်ငန်းကဲ့သို့ ပင်ပန်းမှုမရှိတော့ဘဲ ဝင်ငွေလည်းတိုးလာခဲ့ပါသည်။ သူမသာမက သူမ၏ခင်ပွန်းဖြစ်သူပါ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ရခြင်းမှာ MIFIDA ၏ ထောက်ပံ့မှုများကြောင့်သာဖြစ်ပါသည်။ ယခုကဲ့သို့ ကပ်ရောဂါဘေးကာလတွင် ယခင်ထမင်းဆိုင်လုပ်ငန်း ဆက်လက်လုပ်ကိုင်ဖြစ်ပါက မိမိအနေဖြင့် ရောဂါကူးစက်နိုင်ခြေ ပိုများသော်လည်း ပင်မင်းလုပ်ငန်းသည် မိမိအိမ်တွင်း၌ပင် လုပ်ကိုင်ရသောကြောင့် ရောဂါကူးစက်နိုင်ခြေကိုလည်းလျှော့ချနိုင်ပြီး ပိုမို လုံခြုံစွာ လုပ်ငန်းလုပ်ကိုင်လာနိုင်ခဲ့ပါသည်။

  • Current Financial Status

    ပင်မင်းလုပ်ငန်းစတင်လုပ်ကိုင်ချိန်မှစ၍ သူမ၏ နေ့စဉ်ဝင်ငွေသည် လွန်ခဲ့သော ၃နှစ်ကထက် ပိုမိုအဆင်ပြေလာပြီး ပြန်လည်ပေးဆပ်ရန် အတွက်လည်း စိုးရိမ်ပူပန်မှုများမရှိတော့ပါ။ သူမ၏ခင်ပွန်းမှာလည်း ယခင် သံပန်းသံတံခါးအလုပ်သမားအဖြစ်ရရှိသော ၀င်ငွေထက် ယခုကိုယ်ပိုင်လုပ်ငန်းမှ ရရှိသော ၀င်ငွေမှာ ပို၍ကောင်းလာသောကြောင့် မိသားစုစားဝတ်နေရေး ပိုမိုအဆင်ပြေလာခဲ့ပါသည်။ ယခုအခက်အခဲကာလတွင်လည်း သူမအနေဖြင့် ကြိုးစား၍ ပေးဆပ်ငွေအား ပုံမှန်ပြန်လည်ပေးဆပ်ခဲ့သောကြောင့် ကုမ္ပဏီဘက်မှလည်း ချေးငွေကို ပုံမှန်ထုတ်ပေးခဲ့ပါသည်။

  • Concept on Company

    MIFIDA သည် ပြန်လည်ပေးဆပ်မှုအတွက် အဖွဲ့ဝင်များအပေါ်ဖိအားပေးခြင်းမျိုးမရှိဘဲ ချေးငွေဝန်ဆောင်မှုများအားလည်း ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေး ပါသည်။ သူမအနေဖြင့်လည်း MIFIDA မှ ချေးငွေထပ်မံရရှိမည်ဟု မမျှော်လင့်မိခဲ့ပါ။ သို့သော် ချေးငွေရရှိခဲ့သည့်အပြင် ဝန်ထမ်းများကိုယ်တိုင် အိမ်သို့လာရောက်၍ ဝန်ဆောင်မှုပေးခဲ့သည်အတွက် အံသြဝမ်းသာခဲ့ရပါသည်။ ထို့ကြောင့် သူမအနေဖြင့် အလွန် စိတ်လှုပ်ရှားမိပြီး MIFIDA ကိုအလွန်ကျေးဇူးတင်မိပါသည်။

  • ကွမ်းယာ၊ လျှပ်စစ်နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် ပိုင်ရှင်ဒေါ်နွယ်နွယ်ထွန်း

    တောင်ဒဂုံမြို့နယ်၊ (၆၅)ရပ်ကွက်၊ မင်္ဂလာရာမလမ်းနေ ဒေါ်နွယ်နွယ်ထွန်းသည် MIFIDA၏ စုရပ်နံပါတ်(၄၈)၊ အဖွဲ့နံပါတ်(၉)မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ သူမသည်အသက်(၂၈)နှစ်ရှိပြီဖြစ်ပြီး၊ ခင်ပွန်းသည်နှင့်အတူနေထိုင်ပါသည်။ ယခုလက်ရှိတွင် ကွမ်းယာ၊ လျှပ်စစ်နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် ဖွင့်ထားပါသည်။

  • ကုမ္ပဏီနှင့်လက်မတွဲမီ

    ဒေါ်နွယ်နွယ်ထွန်းသည် ကုမ္ပဏီနှင့်လက်မတွဲမီအချိန်တွင် ခင်ပွန်း၏သံပန်းသံတံခါးလုပ်ငန်းမှဝင်ငွေ (၁လ၁၂၀၀၀၀ကျပ်) ဖြင့်မိသားစုရပ်တည်ခဲ့သည်။ ထို့နောက် MIFIDAမှချေးငွေထုတ်ချေးပေးရန် ရပ်ကွက်အတွင်း ဆွေးနွေးပွဲရှိသည်၊ စိတ်ပါဝင်စားသူများလာရောက်နားထောင်နိုင်သည်ဟု ရပ်ကွက်လူကြီးများ အသိပေးပြောကြားသဖြင့် တက်ရောက်နားထောင်ခဲ့သည်။ ပထမဦးစွာချေးငွေ(၁၅၀၀၀၀) ရမည်ဟုသိရှိရပြီး ငွေပမာဏနည်းသဖြင့်မယူချင်ခဲ့ပေ။ သို့သော် မိမိကိုယ်ပိုင်လုပ်ငန်းမှ ကိုယ်ပိုင်ဝင်ငွေရလာလျှင် ခင်ပွန်းထံမှ လက်ဖြန့်တောင်းစရာမလိုကြောင်း မိသားစု တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း မိခင်ဖြစ်သူမှ အကြံပေးတိုက်တွန်းသဖြင့် (၁၅.၁.၂၀၁၆)နေ့တွင် ပထမနှစ်အထွေထွေချေးငွေ (၁၅၀၀၀၀)ထုတ်ယူ ခဲ့သည်။

br1_nnh
  • ကုမ္ပဏီနှင့်လက်တွဲပြီး

    ငွေဖြင့် ကွမ်းယာဆိုင်စတင်ဖွင့်ခဲ့ရာ ဆိုင်အမည်ကို “ရွှေစင်” ဟုအမည်ပေးခဲ့ပြီး တစ်နေ့လျှင် ကွမ်းအချိန်(၅၀)ကျပ်သားကုန်ပြီး အမြတ်ငွေ (၄၀၀၀)ရရှိခဲ့သည်။ ကွမ်းယာဆိုင်ဖွင့်ပြီး တစ်လခန့်အကြာတွင် ကွမ်းအချိန်(၁)ပိဿာကုန်ပြီး အမြတ်ငွေ(၈၀၀၀)ရရှိခဲ့သည်။ နှစ်လခန့်အကြာတွင် ပိုက်ဆံစုမိပြီး(၂၀၀၀၀၀) တန်ဖိုးရှိသော ဆိုင်ကယ်တစ်စီးဝယ်ကာ ခင်ပွန်းသည်မှ ကယ်ရီဆွဲရာ ဆီဖိုးနှုတ်အပြီး အနည်းဆုံးတစ်နေ့ (၈၀၀၀)ကျပ် ရရှိပြီးဝင်ငွေများတိုးပွားလာခဲ့သည်။ (၆)လခန့်ကြာသောအခါ မှန်(၃)မှန်နှင့်ကိုက်ညီသဖြင့် ကုမ္ပဏီမှထုတ်ပေးသော အပိုဆောင်းချေးငွေ(၁၀၀၀၀၀)ကျပ်ကို ခံစားခွင့်ရခဲ့သည်။ ထိုချေးငွေဖြင့်ကွမ်းယာဆိုင် အတွင်းလိုအပ်သည့်ပစ္စည်းများထပ်တိုးရင်းနှီးခဲ့သည်။ ထိုချေး
    ဒုတိယနှစ်ရောက်သောအခါ အထွေထွေချေးငွေ(၃၀၀၀၀၀)ကျပ် ခံစားခွင့်ရခဲ့ပြီး စုဆောင်းမိသော ပိုက်ဆံ၊ ထုတ်ချေးငွေ(၃၀၀၀၀၀)နှင့် ဖခင်မှထုတ်ပေးသော ရင်းနှီးငွေစုပေါင်းကာ ဖုန်းဟန်း(မ်)ဆက်နှင့်လျှပ်စစ် ပစ္စည်းဆိုင် ထပ်မံဖွင့်နိုင်ခဲ့သည်။ ထို့နောက် အပိုဆောင်းချေးငွေကြေသွားသောအခါ အပိုဆောင်းချေးငွေအစား အသေးစားကုန်ထုတ်လုပ်ငန်းချေးငွေ (၁၅)သိန်းကို ချေးယူခဲ့သည်။ ထိုချေးငွေဖြင့် ဖုန်းဟန်းမ်ဆက်၊ ဖုန်းအားသွင်းကြိုး၊ နားကြပ်၊ ဖုန်းဘီလ်၊ ဖုန်းဆင်းမ်ကဒ်နှင့် ဖုန်းဆောင်းဘောက်စ်၊ မီးသီး၊ မီးလုံးများကို ကွမ်းယာဆိုင်နှင့်တွဲပြီး ရောင်းချခဲ့သည်။ ယခုဆိုလျှင် ကွမ်းယာဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်မှ အမြတ်ငွေ စုစုပေါင်း တစ်လ(၅)သိန်းနှင့် ခင်ပွန်းသည်၏ ဆိုင်ကယ်ကယ်ရီ ဝင်ငွေတစ်လ(၃)သိန်းခန့် ရရှိနေပြီဖြစ်သည်။ အသုံးစရိတ်များကို ချွေတာစွာသုံးစွဲပြီး ပိုလျှံငွေများကို စနစ်တကျစုဆောင်းကာ လုပ်ငန်းများထပ်တိုးရင်းနှီး နိုင်သဖြင့် ယခုကဲ့သို့ဝင်ငွေများတိုးပွားလာခြင်းဖြစ်သည်။

  • မျက်စိဖြင့်မြင်နိုင်သော ပြောင်းလဲမှုများ

    ၁။ ပိုင်ဆိုင်မှုပစ္စည်းများ (ကွမ်းယာဆိုင်မှ ဖုန်းနှင့်လျှပ်စစ်ပစ္စည်းဆိုင်၊ ဆိုင်ကယ်)
    ၂။ ဝင်ငွေ (ယခင် ခင်ပွန်း၏ဝင်ငွေ တစ်လ၁သိန်း၂သောင်းမှ ယခုကွမ်းယာဆိုင်နှင့် လျှပ်စစ်ပစ္စည်းဆိုင်မှ အမြတ်ငွေ စုစုပေါင်း တစ်လ(၅)သိန်းနှင့် ခင်ပွန်းသည်၏ ဆိုင်ကယ်ကယ်ရီ ဝင်ငွေတစ်လ(၃)သိန်းခန့်)
    ၃။ အသုံးစရိတ် ( အလှူအတန်း များပိုမိုလှူဒါန်းလာနိုင်ခြင်း၊ယခင်က ဆိုင်သို့လာသောအလှူခံများမှ ၃ဦးလောက်သာလှူနိုင်ပြီး ယခုဆိုလျှင် လာသမျှအလှူခံများအားပိုမိုလှူဒါန်းလာနိုင်ခြင်း)
    ၄။ စုဆောင်းတတ်သောအလေ့အထ (စုငွေများပိုမို စုဆောင်းတတ်လာခြင်း ဥပမာ-အရင်းအနှီးထပ် ဖြည့်ရန်နှင့် ကားဝယ်ရန်)

  • မျက်စိဖြင့်မမြင်နိုင်သောပြောင်းလဲမှုများ

    ၁။ ဦးဆောင်နိုင်မှုစွမ်းရည်(မိမိ၏ဆိုင်အတွင်းလိုအပ်သည့်ပစ္စည်းများကို ကိုယ်တိုင်စာရင်းပြုစုကိုယ်တိုင် သွားဝယ်ခြင်း၊ရောင်းချရမည့်ဈေးနှုန်းများကိုလည်းကိုယ်တိုင်ဆုံးဖြတ်သတ်မှတ်ရောင်းချခြင်း)
    ၂။ စီးပွားရေးအသိပညာ(ယခင်ကဝင်ငွေရ လုပ်ငန်းမရှိရာမှ ကွမ်းယာရောင်းချရုံသာမက ရပ်ကွက် အတွင်းအရောင်းသွက်သော ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဆိုင်ဖွင့်ရန် ကြံဆလာနိုင်ပြီး ထပ်မံတိုးချဲ့ရန် မျှော်မှန်းတက်လာခြင်း)
    ၃။ ဝင်ငွေထွက်ငွေ စီမံခန့်ခွဲမှု (မိမိ၏ ဝင်ငွေ များ အလေအလွင့်မရှိစေရန် စုဆောင်းတတ်လာခြင်း၊ အသုံးစရိတ်များပိုမသုံးမိစေရန် ချွေတာတတ်လာခြင်း၊ စုဆောင်းငွေများဖြင့် မိမိလုပ်ငန်းတိုးချဲ့လာ နိုင်ခြင်း)
    ကုမ္ပဏီအပေါ်အမြင်

  • ကုမ္ပဏီအပေါ်အမြင်

    MIFIDAကုမ္ပဏီသည် ချေးငွေနှင့် ပတ်သက်၍ သော်လည်းကောင်း၊ စုငွေနှင့်ပတ်သက်၍ သော်လည်းကောင်းနှောင့်နှေးကြန့်ကြာမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ လျှင်မြန်စွာဆောင်ရွက် ပေးသည်။ စနစ်ကျမှန်ကန်သော လုပ်ငန်းစဉ် များနှင့်အတူ ဝန်ထမ်းများ၏ဖော်ရွေ ကောင်းမွန်သော ဝန်ဆောင်မှုများကိုလည်း တွေ့ရှိရပါသည်။
    MIFIDA၏ ချေးငွေ(၁၅၀၀၀၀)ဖြင့် လုပ်ငန်း စတင်ခဲ့ရာယခုကဲ့သို့ကွမ်းယာဆိုင်နှင့် လျှပ်စစ် ပစ္စည်းဆိုင်မှ ရရှိသောဝင်ငွေသည် မိမိကိုယ်ကို ယုံကြည်မှုရစေသည်။ ကိုယ်ပိုင်ဝင်ငွေရှာနိုင် သဖြင့် ငွေကြေးနှင့်ပတ်သက်၍ သိမ်ငယ်မှုမရှိတော့ပေ။ အခြားမည်သည့်ငွေချေးအဖွဲ့ အစည်းနှင့် ဆက်သွယ်ချေးယူခြင်းမရှိဘဲ MIFIDAတစ်ခုတည်းကိုသာ သစ္စာရှိစွာလက်တွဲခဲ့ပါသည်။

  • အနာဂတ်မျှော်မှန်းချက်

    သူမအနေဖြင့် ယခုလက်ရှိဆိုင်အားပိုမိုကောင်းမွန်သော ဆိုင်ခန်းအဖြစ်ပြောင်းလဲပြီး ပိုမိုစုံလင်သော ပစ္စည်းအမယ်များထပ်မံရင်းနှီးတိုးချဲ့ရန်ရည်မှန်းထားပါသည်။သားသမီးရှိလာခဲ့လျှင်လည်း အဆင့်အတန်း မြင့်မြင့် တင့်တောင့်တင့်တယ်နှင့် ကျောင်းကောင်းကောင်းတွင် ထားနိုင်ရန်ကြိုးစားမည် ဖြစ်ပါသည်။ ဖြစ်အောင်လုပ်မည်ဟုလည်း ဆုံးဖြတ်ထားပါသည်။