Microfinance Delta International Company Limited
ချေးငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်မူဝါဒများ
- ၁။ အုပ်စုဖွဲ့ ချေးငွေအတွက် အုပ်စုအဖွဲ့ဝင်များသည် အသက် ၁၈နှစ်မှ ၆၅နှစ်အတွင်း ဖြစ်ရမည်။ တစ်ဦးချင်းချေးငွေ အတွက် ချေးငွေရယူသူနှင့် အာမခံသူတို့သည် အသက် ၂၀နှစ်မှ ၆၅နှစ် အတွင်း ဖြစ်ရမည်။
- ၂။ ချေးငွေယူမည့်သူသည် လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခု (သို့မဟုတ်) အလုပ်အကိုင်တစ်ခု ရှိရမည်။ ထိုလုပ်ငန်းသည် MIFIDA လုပ်ငန်းနယ်နိမိတ်ဧရိယာအတွင်းတွင် လုပ်ကိုင်နေရမည်။
- ၃။ ချေးငွေရယူလိုသူသည် မိမိ၏ အမြဲတမ်းကိုင်ဆောင်နေသော မိုဘိုင်းဖုန်းနံပါတ်နှင့် မိသားစုတစ်ဦး ၏ emergency contact ဖုန်းနံပါတ် တစ်ခုအား လျှောက်လွှာတွင် မဖြစ်မနေတင်ပြနိုင်ရမည်။
- ၄။ ထုတ်ပေးမည့်ချေးငွေသည် ချေးငွေယူမည့်သူ၏ capacity (ငွေကြေးစွမ်းဆောင်ရည်) နှင့် Repayment Capacity (ပြန်လည်ပေးဆပ်နိုင်စွမ်း) အပေါ်မူတည်၍ Credit Assessmentမှ ရလဒ်အတိုင်း သတ်မှတ်မည် ဖြစ်ပါသည်။
- ၅။ အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင် (ချေးငွေအာမခံပေးနိုင်သူ) သည် ချေးငွေလျှောက်လွှာပုံစံတွင် ပူးတွဲ လက်မှတ်ထိုးသူအဖြစ် လက်မှတ်ရေးထိုးရပါမည်။
- ၆။ အိမ်ခြံမြေပိုင်ဆိုင်မှုသည် မဖြစ်မနေ လိုအပ်သောအချက်သော်လည်း Credit Score နှင့် ချေးငွေပမာဏမှာ ထိုအခြေအနေအပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
- ၇။ ချေးငွေရယူသူသည် ချေးငွေပြန်လည်ပေးဆပ်ရမည့်အချိန်ဇယားအတိုင်းပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး၊ (Early Closure) စောလျှင်စွာပေးသွင်းလိုပါက သက်ဆိုင်ရာရုံးခွဲတွင် လာရောက်ဆက်သွယ်ဆောင်ရွက်ရပါမည်။
- ၈။ ချေးငွေအသုံးပြုမှုသည် ချေးငွေလျှောက်လွှာပုံစံတွင်ဖော်ပြထားသော ချေးငွေရည်ရွယ်ချက်နှင့်အညီသာ အသုံးပြုရမည်ဖြစ်ပြီး မိမိ၏ရရှိသောချေးငွေအား မည်သူ့ကိုမှ မျှဝေသုံးစွဲခြင်းကိုမပြုလုပ်ရပါ။ ပြုလုပ်ပါက MIFIDA တွင်နောက်အကြိမ်ချေးငွေထပ်မံရရှိနိုင်မည်မဟုတ်သည့်အပြင် မည်ဖြစ်ပါသည်။ MIFIDA အမည်ပျက်စာရင်းရေးသွင်း မည်ဖြစ်ပါသည်။
- ၉။ ချေးငွေရယူသူသည် တိကျမှန်သော ကိုယ်ရေးအချက်အလက်များကိုသာ တင်ပြပေးရမည်။ သို့မဟုတ်ပါက ငွေချေးသူသည်Microfinance Delta International Company., Ltd တွင် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် အပြည့်အဝတာဝန်ယူရမည်။
- ၁၀။ ချေးငွေရယူသူသည် လက်မှတ်ထိုးသူများ၊ အမည်၊ နေရပ်လိပ်စာနှင့် ကိုယ်ရေးကိုယ်တာအထောက်အထား စာရွက်စာတမ်းများ၏ ပြောင်းလဲမှုများရှိခဲ့ပါက ရုံးဖွင့်ရက် ၃ ရက်အတွင်း နောက်မကျစေဘဲ Microfinance Delta International Company., Ltd သို့ အကြောင်းကြားရမည်။
- ၁၁။ Microfinance Delta International Company Ltd., စည်းမျဉ်းစည်းကမ်းများနှင့် ကုမ္ပဏီ၏ချေးငွေမူဝါဒများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ ချေးငွေကိုငြင်းပယ်ခြင်း (သို့မဟုတ်) အတည်ပြုခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များရှိကြောင်းကို ချေးငွေရယူသူမှ နားလည်သဘောပေါက်ရမည် ဖြစ်သည်။
- ၁၂။ ချေးငွေရယူသူသည် လက်မှတ်ရေးထိုးထားပြီးသော ချေးငွေစာချုပ်ကို သေချာစွာသိမ်းဆည်းထားရမည်ဖြစ်ပြီး၊ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမျှ လွှဲပြောင်းခြင်းမပြုရပါ။ အကယ်၍ လွှဲပြောင်းခဲ့ပါက Microfinance Delta International Company., Ltd မှ မည်သို့မျှ သက်ဆိုင်မည်မဟုတ်ပါ။
- ၁၃။ ချေးငွေရယူသူသည် လက်မှတ်ရေးထိုးပြီးသော ချေးငွေစာချုပ်နှင့် ချေးငွေပြန်လည်ပေးဆပ်မှုဇယားတွင် မည့်သည့်အကြောင်းနှင့်မျှ စာရေးခြင်း၊ ရေးဆွဲခြင်း၊ တည်းဖြတ်ခြင်း၊ စကားလုံးများ၊ နံပါတ်များ သို့မဟုတ် အခြားပြုပြင်ခြင်းအား မပြုလုပ်ရပါ။
- ၁၄။ လက်မှတ်ရေးထိုးထားပြီးသော ချေးငွေစာချုပ်နှင့် ပြန်လည်ပေးဆောင်မှုဇယားကို ပျောက်ဆုံးခြင်း၊ ပျက်ဆီးခြင်း(သို့မဟုတ်)ခိုးခံရခြင်း ဖြစ်ပါကရုံးဖွင့်ရက် (၃)ရက်အတွင်း Microfinance Delta International Company., Ltd သို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်သည်။
- ၁၅။ ချေးငွေပြန်လည်ပေးဆပ်မှုတိုင်းအတွက် ချေးငွေရယူသူသည် သက်ဆိုင်ရာဝန်ထမ်း၏ လက်မှတ်ကိုရယူ ရမည်ဖြစ်ပြီး၊ E-channel မှတစ်ဆင့် ပေးသွင်းသောချေးငွေပြန်လည် ပေးဆပ်မှုများအတွက်လက်မှတ်ရယူရန် မလိုအပ်ပါ။
- ၁၆။ ချေးငွေရယူသူသည် ရက်ပေါင်း (၉၀)နှင့်အထက် ချေးငွေပြန်ဆပ်မှုပျက်ကွက်နေပါက Microfinance Delta International Company Ltd., မှ ချေးငွေပျက်ကွက်သူ၏ စုဆောင်းငွေပမာဏအားလုံးအား ပေးဆပ်ရန်ကျန်ရှိနေသော ချေးငွေပမာဏများ နှင့် ခုနှိမ်မည်ဖြစ်မည်။
- ၁၇။ MIFIDA ချေးငွေများ၏ အင်္ဂါရပ်များ
- ၁၈။ အခကြေးငွေများနှင့် စုဆောင်းငွေများ
- ၁၉။ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ပြဌာန်းထုတ်ပြန်မှုများအပေါ်မူတည်၍ Microfinance DeltaInternational Company Ltd., မှ စည်းကမ်းသတ်မှတ်ချက်များကို ပြောင်းလဲပြင်ဆင်ခွင့်ရှိပါသည်။
- ၂၀။ Microfinance Delta International Company Ltd.,မှ အသစ်ပြင်ဆင်ချက်များကို MIFIDA Client Appsမှသော်လည်းကောင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့်သော်လည်းကောင်း၊ ရုံးခွဲများရှိအသိပညာပေးသင်ပုန်းများပေါ်တွင်လည်းကောင်း၊ စဉ်ဆက်မပြတ်အသိပေး အကြောင်းကြားသွားမည်ဖြစ်ပါသည်။
- ၂၁။ Microfinance Delta International Company Ltd. သို့ အကြံပြုချက်များနှင့် တိုင်ကြားချက်များကိုအောက်ပါအငြင်းပွားမှုတင်ပြရေးယန္တရားများမှတဆင့် ပေးပို့တိုင်ကြားနိုင်ပါသည်။
အုပ်စုဖွဲ့ ချေးငွေ
| ချေးငွေအမည် | စီးပွားရေးအရင်းအနှီးချေးငွေ | စိုက်ပျိုးရေးချေးငွေ |
|---|---|---|
| ချေးငွေ ရည်ရွယ်ချက် | လုပ်ငန်းတိုးချဲ့ရန်နှင့်/သို့မဟုတ် လုပ်ငန်းအရင်းအနှီးအတွက် အသုံးပြုရန်။ | စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရန်။ |
| အတိုးနှုန်းတွက်ချက်မှုပုံစံ | အရင်းလျော့အတိုးလျော့ | Balloon (လစဉ်အတိုးပေးသွင်းခြင်း) |
| ချေးငွေပမာဏ | ၂၀၀,၀၀၀ ကျပ် မှ ၃,၀၀၀,၀၀၀ ကျပ် အထိ။ | ၂၀၀,၀၀၀ ကျပ် မှ ၃,၀၀၀,၀၀၀ ကျပ် အထိ။ |
| ချေးငွေပြန်လည်ပေးဆပ်မှု အကြိမ်ရေ | လစဉ် | လစဉ် / Multi Balloon/ Balloon |
| ချေးငွေကာလ (လ) | ၆လ မှ ၁၂ လ | ၆လ မှ ၉ လ |
| အခြေခံသတ်မှတ်ချက်များ |
အဖွဲ့တစ်ဖွဲ့တွင် အနည်းဆုံး ၃ ဦးမှ အများဆုံး ၉ဦး ရှိရမည်ဖြစ်ပြီး ကျေးလက် ဒေသများတွင် အများဆုံး ၁၄ ယောက်အထိ ခွင့်ပြုသည်။ အဖွဲ့တွင်ပါဝင်သူများသည် အချင်းချင်းအပြန်အလှန် အာမခံပေးရမည် ဖြစ်ပြီး၊ အဖွဲ့အတွင်း၌ တစ်ဦးချင်းစီအကြောင်းကို ကောင်းမွန်စွာသိရှိကြရမည်။ အဖွဲ့ဝင်များသည် အဖွဲ့အတွင်းရှိ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရပါမည်။ အဖွဲ့ချေးငွေအတွက် အဖွဲ့အစည်းအဝေးများတွင် တက်ကြွစွာပါဝင်ရန်မဖြစ် မနေလိုအပ်ပါသည်။ လုပ်ငန်းသက်တမ်း အနည်းဆုံး ၆ လ လုပ်ကိုင်ဖူးသူဖြစ်ရမည်။ အုပ်စုချေးငွေအားလုံး၏ ချေးငွေကာလသည် ၆ လ မှ ၁၂ လ ဖြစ်ပါသည်။ |
|
တစ်ဦးချင်းချေးငွေ
| ချေးငွေအမည် | စီးပွားရေးအရင်းအနှီးချေးငွေ | စိုက်ပျိုးရေးချေးငွေ |
|---|---|---|
| ချေးငွေ ရည်ရွယ်ချက် | လုပ်ငန်းတိုးချဲ့ရန်နှင့်/သို့ မဟုတ် လုပ်ငန်းအရင်း အနှီးအတွက်အသုံး ပြု ရန်။ | စိုက်ပျိုးရေးလုပ်ငန်း တွင်အသုံးပြုရန် |
| အတိုးနှုန်းတွက်ချက်မှုပုံစံ | အရင်းလျော့အတိုးလျော့ | Balloon (လစဉ်အတိုးပေးသွင်း ခြင်း) |
| ချေးငွေပမာဏ | ၁,၀၀၀,၀၀၀ ကျပ် မှ ၁၀,၀၀၀,၀၀၀ ကျပ် အထိ။ | ၁,၀၀၀,၀၀၀ ကျပ် မှ ၁၀,၀၀၀,၀၀၀ ကျပ် အထိ။ |
| ချေးငွေပြန်လည် ပေးဆပ်မှု အကြိမ်ရေ | လစဉ် | လစဉ် Muti-Balloon Balloon: Principal at Maturity |
| ချေးငွေကာလ | ၆လ မှ ၁၈ လအထိ | ၆ လ မှ ၁၂လ အထိ |
| ချေးငွေအမည် | MIFIDA အမြန်ချေးငွေ |
|---|---|
| ချေးငွေ ရည်ရွယ်ချက် | ချေးငွေပုံမှန်ပြန်လည်ပေးဆပ်ခြင်း ၏အကျိုးကျေးဇူးများကိုမြင့်တင်ရန် နှင့်ချေးငွေအရည်အသွေးကိုထိန်း ချုပ် ရန် |
| အတိုးနှုန်းတွက်ချက်မှုပုံစံ | အရင်းလျော့အတိုးလျော့ |
| ချေးငွေပမာဏ | လက်ရှိချေးငွေ၏တစ်ကြိမ်ပေးသွင်း ရမည့် ပမာဏ ဒုတိယအကြိမ်မှစတင်ပြီး လက်ရှိချေးငွေ၏နှစ်ကြိမ်ပေးသွင်းရ မည့် ပမာဏ |
| ချေးငွေပြန်လည် ပေးဆပ်မှု အကြိမ်ရေ | လစဉ် |
| ချေးငွေကာလ | ၃ လ |
| အခြေခံသတ်မှတ်ချက်များ |
အိမ်ပိုင်ဆိုင်မှုမရှိသော လျှောက်ထားသူသည် လက်ရှိလုပ်ငန်းဆောင်ရွက်နေသောလိပ်စာတွင် အနည်းဆုံးလုပ်ငန်း လည်ပတ်မှုသက်တမ်း(၂)နှစ်ရှိသည့် မျက်မြင်လည်ပတ်နေသော လုပ်ငန်းရှိရ မည်။ တစ်ဦးချင်းချေးငွေလျှောက်ထားခြင်းအတွက် အမှန်တကယ် အာမခံပေးနိုင်သူ တစ်ဦး မဖြစ်မနေ တင်ပြရမည်။ |
|
| % | Remark | |
|---|---|---|
| ချေးငွေအတိုးနှုန်း | ၂၈% (တစ်နှစ်လျှင်) | အရင်းလက်ကျန်အပေါ်တွင်သာ အတိုးတွက်ချက်သည်။ |
| စာရွက်စာတမ်းကြေးများ | ၂.၅% (တစ်နှစ်လျှင်) | ချေးငွေထုတ်ပေးချိန်တွင် တစ်ကြိမ်တည်းပေးသွင်းရမည့် ပမာဏအပေါ်တွင်သာ။ |
| လူမှုဖူလုံရေး ရံပုံငွေ | ၀.၅ % (တစ်နှစ်လျှင်) | ချေးငွေထုတ်ပေးချိန်တွင် တစ်ကြိမ်တည်းပေးသွင်းရမည့် ပမာဏအပေါ်တွင်သာ။ |
| မဖြစ်မနေစုဆောင်းငွေ | ချေးငွေထုတ်ပေး သော ပမာဏ၏ ၅% ကို စုဆောင်းရမည် | တစ်နှစ်လျှင် ၁၄% အတိုးနှုန်းကို ရရှိပါမည်။ |
| စိတ်ကြိုက် စုဆောင်းငွေ | ၁၁ % (တစ်နှစ်လျှင်) | Client သဘောဆန္ဒအလျှောက် စိတ်ကြိုက်စုဆောင်း နိုင်ပါသည်။ |
| ချေးငွေအားစောလျှင် စွာ ပေးဆပ်ခြင်း |
အခြေအနေ ၁ ချေးငွေကာလစုစုပေါင်း၏ ၅၀%အထိ မပေးဆပ်ရသေးပါက စုစုပေါင်းကာလ၏ ၅၀% အထိ ကျသင့်သည့်အတိုးအား ပေးသွင်းရမည်။ အခြေအနေ ၂ ချေးငွေကာလစုစုပေါင်း၏ ၅၀%အထိပေးဆပ်ပြီးပါက ချေးငွေပေး သွင်းမှုဇယားတွင်ဖော်ပြထားသောအတိုးအတိုင်း ပေးသွင်းရမည်။ |
|
| နောက်ကျဒဏ်ကြေး | မရှိပါ။ | |
• ရုံးခွဲတိုင်းရှိအကြံပြုစာတိုက်ပုံးများ။
• စာရေးသားပေးပို့ရန်လိပ်စာ – အမှတ် ၁၈၊ ၄ လွှာ၊ အခန်း (၅၀၁ မှ ၅၀၇)၊ MICT Park၊ လှိုင်မြို့နယ်၊ ရန်ကုန်။
• Call Center ဖုန်း – 09880441145 (ရုံးဖွင့်ရက်အတွင်း မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီထိ)
• Email – info@mifida-myanmar.com
