နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာရှိပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်

ကျွန်တော်တို့ MIFIDAဝန်ထမ်းများနှင့် MIFIDAအသင်းဝင် ကြီးများ နှစ်သစ်မှာ ကျန်းမာရွှင်လန်းစွာရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်

မတ်လနဲ့ဧပြီလအတွင်း mifida ရဲ့ကိုဗစ်ကပ်ရောဂါ ကာကွယ်ဟန့်တားရေးအစီအစဉ်များနှင့်ရှေ့လုပ်ငန်းစဉ်ကိုဖော်ပြအပ်ပါသည်။
-ဧပြီလဆန်းသည်မှ မေ၃ရက်နေ့အထိချေးငွေပြန်လည်ပေးသွင်းခြင်း ထုပ်ယူခြင်းအား ယာယီရပ်ဆိုင်းထားပြီး နှစ်ကူးအခါသမယခံစားခွင့် နှင့် ကိုဗစ်ကပ်ရောဂါ ရှောင်တိမ်းခွင့်ရစေခြင်း
-ယင်းကာလအတွင်း အတိုးအရင်းအရစ်ကျငွေ ကို အစားထိုးပြန်လည်ကောက်ခံမှုမပြုခြင်း
-လုပ်ငန်းပြန်လည်မစတင်မီ ယင်းကာလအတွင်းအသင်းဝင်များ၏ ကျန်းမာရေး လူမှုရေး စီးပွားရေးအခြေအနေများကို စုရပ်ခေါင်းဆောင်များမှတဆင့်မေးမြန်အားပေးမှုပြု၍ တစ်ဦးချင်းတဖွဲ့ချင်းမည်သို့ပံပိုးကူညီနိုင်မည်ကိုစုံစမ်း အစီအစဉ်ချမှတ်ခြင်း
-မူလအခြေအနေ အနည်းငယ်ယိမ်းယိုင်မှုအခြေအနေ အတန်ငယ်ဆိုးဝါးသည့်အခြေအနေများပေါ်မူတည်၍ အသင်းဝင်များအားကာကွယ်စောင့်ရှောက်ရေး မူ ၇ခကွနြှငြ့အညီ ပံပိုးကူညီရေး
-အသင်းဝင်များနှင့် mifida ၏ပုံမှန်လုပ်ငန်းစဉ်များမှ ထူးခြားဖြစ်စဉ်အလိုက် အထူးချေးငွေ ပုံမှန်ချေးငွေတစ်ဦးချင်းချေးငွေ စုဆောင်းငွေကိစ္စရပ်များ အရစ်ကျပြန်လည်ပေးဆပ်ငွေ ကိစ္စများညှိနှိုင်းဆောင်ရွက်ပေးရန်
-ကျန်းမာရေးချေးငွေအား အတိုး ၂၈% မှ ၁၅%သို့လျော့ချ ပေးသည့်အပြင် ချေးငွေပမာဏ ပြန်ဆပ်ကာလ သက်သောင့်သက်သာဖြစ်စေခြင်း
-လိုအပ်သောနေရာများသို့ CSR ကဲ့သို့လူမှုကူညီထောက်ပံ့ခြင်းကိစ္စ
-COVID-19 ကာကွယ်ထိန်းသိမ်းရေးအတွက်ဆေးရုံ များကာကွယ်ရေးစခန်းများသို့လှူဒါန်းခြင်း
စသည်တို့အား Regional Manager များ Branch Manager များကသိရှိထားပြီးမိမိတို့စီမံအုပ်ချုပ် ဝန်ထမ်းအားလုံးအားအသိပေး၍ အသင်းဝင်တိုင်းအား ချစ်ခင်ရင်နှီးစွာ ဆက်ဆံ ကူညီဆောင်ရွက်ပေးကြရန်  MD ကြီးမှမေတ္တာဖြင့် ညွှန်ကြားအသိပေးလိုက်ပါကြောင်း

 

💚

Your Future Grow Together