Microfinance Delta International Co., Ltd နှင့် မြန်မာနိုင်ငံ၏အကြီးဆုံးနှင့် ဆန်းသစ်တီထွင်မှုအားအကောင်းဆုံးသော ဘဏ်များထဲမှ တစ်ခုဖြစ်သည့် Ayeyarwady Bank Public Co., Ltd တို့သည် ၁၃ ရက်နေ့၊ အောက်တိုဘာလ၊ ၂၀၂၃ခုနှစ် တွင် Partnership Agreement ကို လက်မှတ်ရေးထိုးကာ မိတ်ဖက်ပူးပေါင်းမှုအဖြစ် အောင်မြင်စွာ စတင်လက်တွဲခဲ့ပြီး ဖြစ်ကြောင်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် အသိပေးကြေငြာအပ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တဆင့် ကျွန်ုပ်တို့၏ တန်ဖိုးထားရသော Customer များ အနေဖြင့် AYA Bill Payment နှင့် AYA Pay တို့ဖြင့် ချေးငွေပြန်လည်ပေးဆပ်ခြင်း နှင့် စုဆောင်းငွေထည့်သွင်းခြင်းများကို အချိန်မိနစ်ပိုင်းအတွင်း မြန်ဆန်စွာဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ ဤမိတ်ဖက်ပူးပေါင်းမှုသည် ဘဏ္ဍာရေးဝန်ဆောင်မှုများအား ပိုမိုအားကောင်းလာစေရန်၊ Customer များ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာသိရှိတတ်မြောက်မှု တိုးတက် ကောင်းမွန်လာစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်ကျစရိတ် သက်သာပြီး တိကျမြန်ဆန်စေရန် အဓိကထားရည်ရွယ်၍ စတင်ခဲ့ခြင်းဖြစ်ပါသည်။