Microfinance Delta International Co.,Ltd နှင့် Onepay သည် ၂၃ ရက်နေ့ ၊ ဩဂုတ်လ၊ ၂၀၂၃ခုနှစ် တွင် Partnership Agreement ကို လက်မှတ်ရေးထိုးကာ မိတ်ဖက်ပူးပေါင်းမှုအဖြစ် အောင်မြင်စွာ စတင်လက်တွဲခဲ့ပြီးဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တဆင့် ကျွန်ုပ်တို့၏ လေးစားတန်ဖိုးထားရသော အသုံးပြုသူများသည် Onepay App ရှိ OneBills ဝန်ဆောင်မှုတွင် ၃မိနစ်မျှ မကြာသည့် အချိန်မိနစ်ပိုင်းအတွင်း ချေးငွေပြန်လည်ပေးဆပ်ခြင်း နှင့် စုဆောင်းငွေထည့်သွင်းခြင်းများကို မြန်ဆန်စွာဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။
မိတ်ဖက်ပူးပေါင်းမှုသည် ဘဏ္ဍာရေးဝန်ဆောင်မှုများအား ပိုမိုအားကောင်းလာစေရန်၊ Customer များ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာသိရှိတတ်မြောက်မှု တိုးတက်ကောင်းမွန်လာစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန် နှင့် ကုန်ကျစရိတ် သက်သာပြီး တိကျမြန်ဆန်စေရန် အဓိကထားရည်ရွယ်၍ စတင်ခဲ့ခြင်းဖြစ်သည့်အတွက် သုံးစွဲသူများ သာမက သက်ဆိုင်သူ အားလုံးအတွက် အခွင့်အလမ်းကောင်းများဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။