လုပ်ငန်းသုံးချေးငွေ
ချေးငွေအစီအစဉ်
- အများဆုံး ချေးငွေပမာဏ သိန်း (၁၀၀) အထိ
- ချေးငွေသက်တမ်း အများဆုံး (၁၈) လ အထိ
- အတိုးလျော့ အရင်းလျော့စနစ်ဖြင့် တစ်နှစ်လျှင် အတိုးနှုန်း (၂၈)%
- ရင်းနှီးမြုပ်နှံမှုနှင့် လက်ရှိဝင်ငွေအပေါ် မူတည်ပြီး ပြန်လည်ပေးဆပ်ရမည့် အချိန်ကာလ အား ရွေးခြယ်နိုင်သည်။
လျှောက်ထားနိုင်သူများ
- အငယ်စား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ
- လုပ်ငန်းအား အမှန်တကယ်ဦးစီးဦးဆောင်ပြီး လုပ်ကိုင်နေသူများ
- လုပ်ငန်း၏သက်တမ်းမှာ အနည်းဆုံး (၁) နှစ်ဖြစ်ရမည်။
လိုအပ်သည့် စာရွက်စာတမ်းများ
- လျှောက်ထားသူ၏ လိုင်စင်ဓါတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ
- စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်းသော အထောက်အထားများ
- လျှောက်ထားသည့်ချေးငွေပမာဏအပေါ်မူတည်၍ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက်စာတမ်းများ
- အာမခံသူဆိုင်ရာ စာရွက်စာတမ်းများ
အချက်အလက်များကိုက်ညီပြီး စိတ်ဝင်စားပါက နီးစပ်ရာရုံးခွဲသို့ တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။
စိုက်ပျိုးရေးသုံးချေးငွေ
ချေးငွေအစီအစဉ်
- အများဆုံး ချေးငွေပမာဏ သိန်း (၁၀၀) အထိ
- ချေးငွေသက်တမ်း အများဆုံး (၉) လ အထိ
- တစ်နှစ်လျှင် အတိုးနှုန်း (၂၈)%
- သီးနှံအမျိုးအစားနှင့်သင့်လျော်သော ပြန်လည်ပေးမှု အစီအစဉ်များရှိခြင်း။
- ရိတ်သိမ်းချိန်အကျိုးခံစားခွင့်အား ရရှိနိုင်ခြင်း။
လျှောက်ထားနိုင်သူများ
- ရာသီလိုက်စပါးနှင့် ကာလတိုသီးနှံများကို စိုက်ပျိုးသော တောင်သူဦးကြီးများ
- မွေးမြူရေးအား တွဲဖက်လုပ်ကိုင်သော တောင်သူဦးကြီးများ
လိုအပ်သည့် စာရွက်စာတမ်းများ
- လျှောက်ထားသူ၏ လိုင်စင်ဓါတ်ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ
- စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် ပုံစံ ၇/ ပုံစံ ၁၀၅ မိတ္တူ
အချက်အလက်များကိုက်ညီပြီး စိတ်ဝင်စားပါက နီးစပ်ရာရုံးခွဲသို့ တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။